Burmese Updates

ကျွန်တော်၊ကျွန်မတို့၏လူနာများကျန်းမာရေးလုံခြုံစေဖို့ရန်အတွက် ဆေးခန်းသို့လူကိုယ်တိုင်လာစရာမလိုပဲ အိမ်မှနေ၍သော၎င်းသင်၏ကျန်းမာရေးအကြောင်းနှင့်ပတ်သက်ပြီးဆရာဝန်နှင့်တိုက်ရိုက်ဆွေးနွေးနိုင်စေရန်အတွက် သင်တို့၏ခေတ်ပေါ်ဖုန်း (smart phone) ကိုသုံးကာ ဗွီဒီယိုရုပ်မြင်သံကြားစနစ် မှတစ်ဆင့်သော်လည်းကောင်း၊တယ်လီဖုန်းမှတစ်ဆင့်သော်လည်းကောင်းဆက်သွယ်နိုင်ရန် စီစဥ်ဆောင်ရွက်ပေးထားခြင်းဖြစ်ပါသည်။

(Televisit) ဟုခေါ်သောရုပ်မြင်အသံကြားနည်းစနစ်ကိုသင်တို့လွယ်ကူ စွာဖြင့်အသုံးပြုနိုင်စေရန်လည်းအရိုးရှင်းဆုံးအလွယ်ကူဆုံးစနစ်ကိုသုံး၍ထပ်မံဖန်တီးလုပ်ဆောင်ပေးထားပါသည်။ဆရာဝန်နှင့်တွေ့စုံရန်ရက်ချိန်းမတိုင်ခင် သတိပေးသောအီးမေးစာကို Televisit ရက်ချိန်း မတိုင်ခင်ရက်အလိုတွင် ပို့မည်ဖြစ်သည်။ထိုပို့လာမည့် အီးမေးထဲတွင် Link တစ်ခုပါလာမည်။ထို Link ကိုမိမိရက်ချိန်း (appointment) ရောက်ခါနီးအချိန်တွင်နှိပ်လိုက်ပါ။သုံးစွဲသူ (user name)၊ အကောင့်ထဲလျှို့ဝှက်နံပါတ် (password) စသည်တို့မလိုတော့ပဲ ထို link ကိုနှိပ်လိုက်ခြင်း အားဖြင့် မိမိနေအိမ်မှသော်လည်းကောင်း၊မိမိအလုပ်ခွင်ထဲမှသော်လည်းကောင်း ဆရာဝန်နှင့်စတင်စကားပြောနိုင်မည်ဖြစ်ပါကြောင်း။

ဝန်ဆောင်မှု့ကောင်းများကိုဆက်လက်၍ပေးနိုင်ရန်ရည်မှန်းမျှော်လင့်လျှက်။

မေတ္တာဖြင့်

ဂျေဆန် ဝေါလစ်
လုပ်ငန်းခေါင်းဆောင်အကြီးအကဲ

Healing Hands Ministries
8515 Greenville Ave. STE N-108
Dallas,Texas 75243
ဖုန်း-၂၁၄-၂၂၁-၀၈၅၅, လိုင်းခွဲနံပါတ် ၁၃၈
တယ်လီဖုန်းမိတ္တူနံပါတ်-၂၁၄-၇၁၀-၁၃၀၃

ချစ်သော မိဘများ၊

ကိုရိုနာဗိုင်းရပ်(စ်) ခေါ် COVID-19 အား ကျွန်တော်၊ကျွန်မတို့ Healing Hands Ministries မှအချိန်ပေး၍စောင့်ကြည့်စစ်ဆေးပေးနေပါသည်။ ကျွန်တော်၊ကျွန်မတို့၏လူနာများနှင့်လူနာမိသားစု၏ကျန်းမာရေးလုံခြုံစိတ်ချမှုမှာကျွန်တော်၊ကျွန်မတို့

အတွက်အလွန်အရေးကြီးပါသည်။ဤရောဂါပိုးပြန့်ပွားခြင်းကိုထိန်းချုပ်နိုင်ရန်အတွက် အကယ်၍လူနာမှာမကျန်းမာလျှင် ဆေးခန်းသို့မလာခင် လူနာအင်တာနက်လမ်းညွှန် (Patient Portal)မှတစ်ဆင့်ဆက်သွယ်စေလိုပါသည်။
လူနာအင်တာနက်လမ်းညွှန် (Patient Portal) ကိုလုပ်ရန်အတွက် ၁) မိမိဖုန်းထဲမှ အပ် (App) မှတစ်ဆင့်သော်လည်းကောင်း ဂူဂယ် (google play) ထဲမှသော်လည်းကောင်း Healow app ကိုရှာ၍ဒေါင်းလုတ် (Download) လုပ်ရန်။၂)ဒေါင်းလုပ်လုပ်ပြီးပါက HHM လက်ဆွဲစာမျက်နှာကိုသွားရန် ကုတ်နံပါတ် AJDGBD ကိုရိုက်ထည့်ပါ။ ၃)ပြီးနောက် လူနာအင်တာနက်လမ်းညွှန် အတွက်မိမိသုံးမည့်နံမည် (User name) နှင့် လျှို့ဝှက်နံပါတ် (Password) ကို ရွေးချယ်ပါ။ ၄)နောက်ဆုံးအဆင့်အနေနှင့် ပိုင်ဆိုင်စီစစ်ရေးနံပါတ်ဟုခေါ်သော PIN နံပါတ်ကိုဖွဲ့ရမှာဖြစ်သည်။သို့မှသာ ကျန်းမာရေး မှတ်တန်းဋ္ဌါန သို့မဟုတ် တယ်လီဖုန်းမှတစ်ဆင့်ဆက်သွယ်ပြီးတောင်းဆိုနိုင်မည်ဖြစ်သည်။အကယ်၍ လူနာအင်တာနက်လမ်းညွှန်မှာကြည့်၍မရနိုင်လျှင် ကျေးဇူးပြု၍ ၂၁၄-၂၂၁-၀၈၅၅ ဆက်သွယ်၍အကူအညီ တောင်းပါရန်။

အကယ်၍ သင်သည် COVID-19 (ကိုရိုနာဗိုင်းရပ်စ်) ကြောင့်ဖျားနာနေပါလျှင် ရောဂါလက္ခဏာသည် ရောဂါပိုးရပြီး၂ရက်မှ၁၄ရက်အတွင်း စ၍ပြလာမည် ဖြစ်သည်။ကိုရိုနာဗိုင်းရပ်စ်ရောဂါလက္ခဏာများမှာ ကိုယ်ပူ၊ချောင်းဆိုး၊နှာဆေး၊ အသက်ရှုမဝဖြစ်ခြင်းတို့ဖြစ်သည်။ဗိုင်းရပ်စ်ပိုးကိုအကောင်းဆုံးကာကွယ်နိုင် သောနည်းလမ်းမှာ ၁)မကြာမကြာဆပ်ပြာ၊ရေ တို့ဖြင့်မိနစ်၂၀ခန့်ရေဆေးပေးပါ။၂)မိမိမျက်နှာကိုထိခြင်းမှရှောင်ကြဉ်ပါ။၃)ချောင်းဆိုးနေသူ သို့မဟုတ် နှာခြေသူနှင့်အနဲဆုံး၃လက်မခန့်အကွာတွင်နေရန်။၄)လက်ဆွဲနုတ်ဆက်ခြင်းမှလည်းရှောင်ရှားရန်။ဖြည့်စွတ်၍မှာကြားလိုသည်မှာဗိုင်းရပ်စ်ရနိုင်ခြေအမြင့်ဆုံးအခြေအနေများမှာ၁)ရောဂါဖြစ်နေရာနေရာဒေသများ၊ခရီး

ထွက်ထားသူနားမကျန်းသူထံသွားရောက်လည်ပတ်တွေ့ဆုံခြင်းသတင်းမေးခြင်းများ မှရနိုင်သည်။ပြန့်နေပြီဖြစ်သော ပြည်နယ်များမှာ ဝါရှင်တန် ပြည်နယ်နှင့် ကယ်လီဖိုးနီးယား၊နယူးယောက်မြို့၊တစ်ရုပ်နိုင်ငံ၊အီရန်နိုင်ငံ၊တောင်ကိုရီးယား၊အီတလီနိုင်ငံ၊ဂျပန်နိုင်ငံ သို့မဟုတ် ဟောင်ကောင်နိုင်ငံတို့ဖြစ်သည်။၂)အကယ်၍သင်နှင့်သင့်မိသားစုဝင်ထဲမှ ကိုရိုနာဗိုင်းရပ်ကိုရထားသည်ဟုသိထားခဲ့လျှင်သော်လည်းကောင်း၊၃)အကယ်၍မိမိကလေးငယ်တတ်နေသောကျောင်း၌ကျောင်းသား၊ကျောင်းသူတစ်ယောက်ယောက်၌သော်လည်းကောင်း၊ ကျောင်းသား၊ကျောင်းသူမိဘ၌ရောဂါရှိနေပြီဆိုလျှင်သော်လည်းကောင်း တို့မှတစ်ဆင့် လည်းရနိုင်ကြောင်းသတိပေးလိုပါသည်။ ကျွန်တော်၊ကျွန်မတို့ဆေးခန်းအုပ်ချုပ်သူအဖွဲ့တို့မှာနေ့စဥ် သတင်းစဥ်၊တိုင်းမှတရားဝင် ပို့သည့်စာများ၊ရောဂါကာကွယ်ရေးဠါနဆိုင်ရာမှအစီရင်ခံသတင်းပို့ကြားမှုများ၊ တက္ကစက်ပြည်နယ်ဗဟိုအစိုးရဠါနတို့မှပို့ပေးသောတရားဝင်သတင်းများကိုအမြဲနားစွင့် ၍လူနာနှင့်မိဘများကိုတင်ပြပေးနေမည်ဖြစ်သည်။တစ်ချိန်တည်းမှာပင် အစိုးရ၊ပုတ်ပလိကဆေးရုံများနှင့်လည်းဆက်သွယ်မေးမြန်းစုံစမ်းနေမည်ဖြစ်သည်။ ကျောင်း၊စီးပွားရေးရေးဆိုင်ရာဠါနများပိတ်ထားလျှင်လည်းဆက်လက်၍ လူနာ၏လိုအပ်ချက်များကိုတုံ့ပြန်ပေးမည်ဖြစ်ကြောင်း။ အကယ်၍လူနာအချိန်ရက်ဆွဲ၊ဆေးခန်းအချိန်နာရီများအပြောင်းအလဲများရှိခဲ့လျှင် နားလည် ပေးကြပါရန်တောင်းပန်အပ်ပါသည်။လူနာနှင့်မိသားစုတို့အတွက်အကျိုးကိုထောက်ထားသောကြောင့်သာဖြစ်ပါကြောင်း။ကျွန်တော်၊ကျွန်မတို့၏ အာတာနက်ဝက်ပ်ဆိုက်၌ သတင်းများကိုအမြဲအချိန်ပေးကြည့်ပေးကြပါရန်။

ရိုးသားစွာဖြင့်
ဒေါက်တာမိုက်ကယ် ဂျေ လွိုင်းရမ်းစ်, D.O.
ဆေးဝါးဆိုင်ရာဌါနချုပ်
Healing Hands Ministries

Success!
You have signed up for the Healing Hands Ministries monthly newsletter.
In order for us to ensure that you are receiving our updates, please be sure to add jeanbuys@hhmtx.org to your contacts.
Thank you for your support!